Local News

ဆီစက်များအဝယ်လိုက်၍ မြေပဲဆန်များ အရောင်းအဝယ်သွက်၊ဈေးမြင့်နေ

Last Updated:

မေလ ဒုတိယပတ်တွင် မန္တလေးကုန်စည်ဒိုင် သို့ ဧရာဝတီမြစ်ရိုးတစ်လျှောက်မှ ထွက်ရှိသည့် မြေပဲဆန်များဝင်ရောက်မှုရှိနေပြီး၊ ယခုလတ်တလောတွင်မြေပဲဆီကို စားသုံးမှုပိုလာခြင်းတို့ကြောင့် ဆီစက်များမှ ကြိတ်ခွဲမှုများလာပြီး အဝယ်လိုက်လာကြောင်း၊ မြေပဲလက်နည်လာခြင်းကြောင့် အရောင်းအဝယ်သွက်၊ ဈေးမြင့်လာကြောင်း မန္တလေးကုန်စည်ဒိုင်မှသိရသည်။

S1 လုံးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၉၈၀၀ မှ ၁၀၂၀၀ ၊ ယခင်တစ်ပတ် ကျပ် ၉၈၀၀မှ ၁၀၀၀၀၊ ယခင်လတစ်ပတ် ကျပ်  ၈၆၀၀ မှ ၈၇၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ၂၀၀ ကျပ်   ၊ ယခင်လထက် ကျပ် ၂၀၀ မှ ၁၅၀၀ ခန့်မြင့်တက်လာသည်။

S1 ဆီဆန် တစ်ပိဿာလျှင်   ယခုတစ်ပတ် ကျပ် ၉၁၀၀ မှ ၉၅၀၀ ၊ ယခင်တစ်ပတ် ကျပ်  ၉၃၀၀ မှ ၉၆၀၀ ၊ ယခင်လတစ်ပတ် ကျပ်  ၈၂၀၀ မှ ၈၃၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀ မှ ၂၀၀ ဈေးနိမ့်လာပြီး၊ ယခင်လထက် ကျပ်  ၉၀၀ မှ  ၁၂၀၀ ခန့်မြင့်တက်လာသည်။         

အနီလုံးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ်  ၈၆၀၀ မှ ၈၈၀၀၊ ယခင်တစ်ပတ် ကျပ်  ၈၆၀၀ မှ ၈၇၀၀ ၊ ယခင်လတစ်ပတ် ကျပ်  ၇၉၀၀ မှ ၈၀၀၀  ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၊ ယခင်လထက် ကျပ်   ၇၀၀ မှ ၈၀၀ ခန့်မြင့်တက်လာသည်။ 

အနီဆီဆန် တစ်ပိဿာလျှင်   ယခုတစ်ပတ် ကျပ် ၈၄၅၀ မှ ၈၅၅၀ ၊ ယခင်တစ်ပတ် ကျပ်  ၈၁၀၀မှ ၈၂၀၀ ၊ ယခင်လတစ်ပတ် ကျပ် ၇၅၀၀မှ ၇၇၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၅၀  ၊ ယခင်လထက် ကျပ်  ၈၅၀ မှ   ၉၅၀ ခန့်မြင့်တက်လာခဲ့သည်။                                               

Category: Local News